ရာဇဝတ်အထူး အယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၇)မှုတို့ကို စီရင်ချက်ချမှတ် တရားမအထူးအယူခံမှု (၂)မှု ရုံးထိုင်ကြားနာ

နေပြည်တော် ဖေဖော်ဝါရီ ၆

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့  တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှုအမှတ် ၁၁/၂၀၂၂ (မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၂ (မန္တလေး)၊ ၁၀/၂၀၂၂ (မန္တလေး)၊ ၁၁/၂၀၂၂ (မန္တလေး)၊ ၁၂/၂၀၂၂ (မန္တလေး)၊ ၁၃/၂၀၂၂ (မန္တလေး)၊ ၁၄/၂၀၂၂ (မန္တလေး)နှင့် ၁၅/၂၀၂၂(မန္တလေး) စုစုပေါင်း ရာဇဝတ်အထူး အယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၇)မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၂/၂၀၂၂ (ပဲခူး)နှင့် ၂၄/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၂)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်