နေပြည်တော် ဇန်နဝါရီ ၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၈၃/ ၂၀၂၂ ( မွန် ) ၊ ၉/၂၀၂၂ ( ပဲခူး)၊ ၁၀/၂၀၂၂ (ပဲခူး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှု တို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ်၊ ၄၈/၂၀၂၀ (စစ်ကိုင်း)၊ ၄၉/၂၀၂၀(စစ်ကိုင်း)၊ ၉/၂၀၂၂(မန္တလေး)၊ ၁၀/၂၀၂၂ (မန္တလေး) ၊ ၁၁/၂၀၂၂ (မန္တလေး)၊ ၁၂/၂၀၂၂ (မန္တလေး)၊ ၁၃/၂၀၂၂(မန္တလေး)၊ ၁၄/၂၀၂၂(မန္တလေး)၊ ၁၅/၂၀၂၂(မန္တလေး) စုစုပေါင်း တရားမအထူး အယူခံမှု (၉ ) မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)