နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၀ (မန္တလေး)၊ ၁၀ / ၂၀၂၀ (မွန်)၊ ၁/ ၂၀၂၁ (ရန်ကုန်)၊ ၂ / ၂၀၂၁ (ရန်ကုန်)နှင့် ၃ / ၂၀၂၁ (မန္တလေး) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၅) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄ /၂၀၂၀ (ဧရာဝတီ)၊ ၅ / ၂၀၂၀ (ဧရာဝတီ) နှင့် ၇ /၂၀၂၀ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၃)မှုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


