နေပြည်တော်  ၂၈  ဇန်နဝါရီ

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများအားလုံးပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု(၃)မှုနှင့် တရားမ အထူးအယူခံမှု(၂)မှုကို စီရင်ချက်ချမှတ်သည်။

 

ထို့ပြင် တရားမအထူးအယူခံမှု (၅)မှုကို ကြားနာခဲ့ကြောင်း သတင်းရရှိသည်။ 

 

(သတင်းစဉ်)