ချောင်းဆုံ ဒီဇင်ဘာ ၂၀

 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ဒီဇင်ဘာ ဒုတိယပတ်က ကိုဗစ်-၁၉ ရောဂါလက္ခဏာ တွေ့ရှိရသဖြင့် ကျန်းမာရေးဌာနမှ ဆရာ/ဆရာမ (၇)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၄၄)ဦးအား နှာခေါင်းတို့ပတ်ယူစစ်ဆေးရာ ကျောင်းသား/ကျောင်းသူ (၅)ဦးတွင် ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

 

ပိုးတွေ့ရှိခဲ့သည့် ကျောင်းသား/ကျောင်းသူများကို ရွာလွတ်ပြည်သူ့ဆေးရုံတွင် ထားရှိပြီး ကျောင်းအား ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်ထိ ယာယီပိတ်ထားကြောင်း၊ ကျန်းမာရေးဌာနမှ ဒီဇင်ဘာ ၂၂ ရက်တွင် PCR နှာခေါင်းတို့ပတ်ဖြင့် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ရာ ပိုးမတွေ့ရှိပါက အဆိုပါ စာသင်ကျောင်းအား ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)