ရွာငံ   ဇွန်   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ၊ရွာငံမြို့နယ်ဦးစီးမှူးရုံးမှပန်းခင်း စီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၂၈)ရက်၊ နံနက်(၁၀)နာရီ က ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ တောင်ကြီးခရိုင်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာတာ ဝန်ရှိသူများကပေးအပ်ရာ မြင်းကျဒိုး၊ ကျောက္ကူလေး၊ ဆင်ခေါင်း၊ဆတ်ခြံ၊ကျောက်ပုံ ကျေးရွာများနှင့် အထက၊အလကကျောင်းများမှ တာဝန်ရှိ သူများကလက်ခံရယူခဲ့သည်။

ပန်းခင်းစီမံချက်ကို ရွာငံမြို့နယ်၌ မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ပေးအပ်ပွဲတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း(၃၆၆)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၂၀)ကိုပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့်ရပ်ကွက်နှင့်ကျေးရွာများသို့ စီမံချက်ကာလအတွင်း အပြီးကွင်းဆင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ရွာငံ)