ရွာငံ   ဒီဇင်ဘာ   ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ဆောင်းသီးနှံဖြစ် သော နှမ်းလုံးကို တောင်သူများက နှစ်စဉ်စိုက်ပျိုးလာခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်တွင် ဈေးကွက် ကောင်းလာသောကြောင့် နှမ်းလုံးစိုက် တောင်သူများ ပုံမှန်နှစ်တွေထက် ဝင်ငွေပိုမိုတိုးပွား လာခဲ့ကြောင်း သိရသည်။

အဆိုပါနှမ်းလုံးသီးနှံကို တစ်လကြိုတင်၍ ပျိုးထောင်ကြပြီး ဝါဆိုနှင့်ဝါခေါင်လများတွင် ပျိုးပေါင်မှ စတင်ရွေ့ပြောင်းစိုက်ပျိုးကြရသည်။ စိုက်ပျိုးပြီးတစ်လအကြာတွင် မြေဩဇာများ၊ နွားချေးများကျွေး၍ ပေါင်းမြက်များဆွပေးပြီးနောက် တန်ဆောင်မုန်းလ(ပထမ)အပတ်တွင် အပြီးရိုက်သိမ်းကြပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ နှမ်းလုံးဈေးကွက်သည် တစ်ပိသာကို ကျပ် တစ်သောင်းနှင့် ရှစ်ထောင်ခန့် ရရှိသောကြောင့် ယခင်နှစ်များထက် ဈေးကွက်ပိုမိုကောင်းမွန်စွာ ရရှိ ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)