နေပြည်တော် ၈ ဇန်နဝါရီ
မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က ရွာငံမြို့နယ်၊ ရွာငံ-ကျောက်ဆည်ကားလမ်း၊ ကျောက်ကူပြင်ကျေးရွာအနီးတွင် အငယ်လေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆိုင်ကယ်ခွကြားရှိ ဆာလာအိတ်၊ ကျောပိုးအိတ်အတွင်းတို့မှ ဘိန်းစိမ်း ၅၃ ဒသမ ၂ ကီလိုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီ ၅ မိနစ်က ခန္တီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ လသာတိုးချဲ့ကွက်သစ်ရပ်နေ ဒေါ်မိုး (ခ) ဒေါ်မိုးမိုးလှိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မောင်မြင့်အားတွေ့ရှိရပြီး နေအိမ်ရှေ့ကွပ်ပျစ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက် (၂၁)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ သုည ဒသမ ၂၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN