နေပြည်တော်  ၂၉  မေ

 

မူးယစ်‌ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၈ ရက် ည ၁ဝ နာရီက ရွာငံမြို့နယ်၊ တပ်ကုန်းကျေးရွာအနီး၊ အောင်ပန်း-ရွာငံသွား ကားလမ်းတွင် အောင်ဇော်မိုး မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၃၄ ဒသမ ၅ ကီလိုကို လည်းကောင်း၊ ဆက်လက်၍ အဆိုပါနေရာ၌ ကျော်နိုင် (ခ) ကျော်ခိုင် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၂၁ ကီလိုကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် အောင်ဇော်မိုး (၂၆) နှစ်၊ ကျော်နိုင် (ခ) ကျော်ခိုင် (၄၅) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

 

ရဲပြန်ကြား