နေပြည်တော် ၁၂ စက်တင်ဘာ
ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ပျက်စီးမှုများကို ကြိုတင်ကာကွယ်နိုင်ရန် ရွာငံနှင့် ပင်းတယ ခရီးစဉ်ဒေသအတွက် Controller သင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ရွာငံမြို့ ဗထူးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရွာငံမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းစိုး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ကြီးရုံးခွဲ)မှ ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ရွာငံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာ သူ/သားများ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့သည်။
ခရီးစဉ်ဒေသများအား ကြီးမှူးကွပ်ကဲသည့် Controller သင်တန်းကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက် (၂)ရက် ဖွင့်လှစ်သင်ကြားခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင် ပင်လောင်းမြို့၌ လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ဟိုပုံးမြို့၌ လည်းကောင်း၊ စက်တင်ဘာ ၂၄ နှင့် ၂၅ အထိ ကွန်ဟိန်းမြို့တို့တွင်ပါ သီးခြားစီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
MDN