ဂျကာတာ ၂၉ ဇူလိုင်
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်နိုင်ငံအတူ ပူးပေါင်းလျက် ရှားပါးသည့် သားရဲတိရစ္ဆာန်မျိုးစိတ်များကို နိုင်ငံတကာရှိ တရားမဝင် မှောင်ခိုရောင်းချနေမှုများမှ ကယ်ဆယ်ကာ အင်ဒိုနီးရှားနိုင်ငံရှိ ၎င်းတို့၏ စားကျက်မြေ များဆီသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။
ဖိလစ်ပိုင်နိုင်ငံသို့ မှောင်ခိုကူးခံခဲ့ရသည့် ရှားပါးသားရဲ တိရစ္ဆာန်ကောင်ရေ ၉၁ ကောင်ကို အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်တွင် ပြောကြားခဲ့သည်။ မှောင်ခိုရောင်းချမှုမှ ကယ်ဆယ်ခဲ့သည့် တိရစ္ဆာန်များမှာ ရှားပါးနို့တိုက်သတ္တဝါများနှင့် တွားသွားသတ္တဝါများ ပါဝင် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ဒါဗာအိုမြို့မှ သင်္ဘောဖြင့် တင်ဆောင်လာသည့် သားရဲတိရစ္ဆာန် များအသုတ်သည် အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း ဆူလာဝေစီ ပြည်နယ်ရှိ ဘီတန်ဆိပ်ကမ်းသို့ ရက်အနည်းငယ်အတွင်း ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် အဆိုပါရှားပါးတိရစ္ဆာန်မျိုးစိတ် များကို ၎င်းတို့၏ စားကျက်မြေများဆီသို့ ပြန်မလွှတ်ပေးမီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာ၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ တရားမဝင်မှောင်ခိုကူးမှုမှ ပြန်လည်ကယ်ဆယ် လာခဲ့သည့် ရှားပါးသားရဲတိရစ္ဆာန်မျိုးစိတ်များအနက် အများစုမှာ အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းတွင် သဘာဝအရ ကျင်လည် ကျက်စားသည့် တိရစ္ဆာန်များဖြစ်ကြကြောင်း သိရသည်။
ဆင်ဟွာ