နေပြည်တော် ၄ ဇန်နဝါရီ
သမိုင်းသုတေသနနှင့် အမျိုးသာစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အမှတ်(၆၀၄၊ ၆၀၈)၊ ကုန်သည်လမ်း၊ (၃၁-၃၂) လမ်းကြား၊ ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့တွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ “ရှားပါးအထောက်အထားများပြပွဲ” ကို နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။
ထို့အတူ “New Views, Fresh Finds” သုတေသန စာတမ်းဖတ်ပွဲကိုလည်း ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာသမိုင်းအဖွဲ့ပညာရှင် ဆရာကြီး (၄)ဦးဖြစ်သည့် ဒေါက်တာခင်မောင်ညွန့်၊ ဒေါက်တာသော်ကောင်း၊ ဦးထွန်းအောင်ချိန်၊ ဦးစိုင်းအောင်ထွန်းတို့က သုတေသနစာတမ်းများ ဖတ်ကြားသွားကြမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ရှားပါးအထောက်အထားများပြပွဲနှင့် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားများသို့ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်လေ့လာနိုင်ပါကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
စိုးဝင်းထွန်း