ပုသိမ် မေ ၁၁
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးတွင် ရှာဖွေကယ်ဆယ်ရေးနည်းစနစ် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဆွေဝင်းက အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ USAR Light Team စုဖွဲ့ဆောင်ရွက်ရန်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရန်နှင့် စုဖွဲ့လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ သင်တန်းမှူး၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား ၅၀ နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မင်းထက်သာ


