ဘောလိဝုဒ် ၂၈ ဒီဇင်ဘာ

 

မြန်မာပရိတ်သတ်တွေ နှစ်ခြိုက်အားပေးတဲ့ ဘောလိဝုဒ် စူပါးစတားမင်းသားကြီး ဆယ်မန်ခန်းဟာဆိုရင် ဒီဇင်ဘာ၂၇ ရက်နေ့မှာပဲ အသက် ၅၃ နှစ်ပြည့်သွားပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ၅၃ နှစ်ပြည့် မွေးနေ့ပွဲကို မွမ်ဘိုင်းမြို့အနီး ပန်ဗယ်မြို့က ယာတောအိမ်ရာမှာ ကျင်းပခဲ့ပါတယ်။ မွေးနေ့ပွဲပါတီကို ဘောလိဝုဒ် နာမည်ကြီးတွေ အများကြီး တက်ရောက်ခဲ့ကြပါတယ်။

 

ရုပ်ရှင်လုပ်ငန်းက မိတ်ဆွေတွေအပြင် ဆယ်မန်ခန်းရဲ့ ညီအကိုတွေ၊ မိသားစုဝင်တွေလည်း မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီလိုမျိုးဆယ်မန်ခန်းရဲ့ မွေးနေ့ပွဲကို စုံစုံညီညီ တက်ရောက်ခဲ့ကြပေမယ့် ဆယ်မန်ခန်းနဲ့အပြိုင် နာမည်ကြီးကြတဲ့ ရှာရွတ်ခန်းနဲ့ အာမီယာခန်းတို့ကတော့ မွေးနေ့ပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဘောလိဝုဒ်ရဲ့ ခန်းသုံးခန်းလို့ တင်စားရတဲ့ ရှာရွတ်ခန်း၊ ဆယ်မန်ခန်း၊ အာမီယာခန်းတို့ဟာ အရမ်းကိုခင်မင်ကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့သုံးဦးထဲက တစ်ဦးဦးရဲ့ ရုပ်ရှင်ထွက်ရင် ကျန်နှစ်ယောက်က ဆိုရှယ်မီဒီယာ ကနေတစ်ဆင့်  ကြေညာပေးတာတွေ လုပ်ပါတယ်။ အခုလို မွေးနေ့ကို မလာနိုင်တာကတော့ ရှာရွတ်ခန်းနဲ့ အာမီယာခန်းတို့ဟာ သူတို့ရဲ့အလုပ်တွေနဲ့ မအားလပ်အောင် ဖြစ်နေလို့ပါ။ အာမီယာခန်းကလည်း လက်ရှိမှာ တရုတ်ပြည်ကို ရောက်နေပြီး လာမယ့်လ အတွင်းမှာ ရုံတင်မယ့် Thugs of Hindostan ဇာတ်ကားအတွက် တရုတ်ပြည်ကို ရောက်နေလို့ ဆယ်မန်ခန်းရဲ့မွေးနေ့ပွဲကို မလာနိုင်ဘဲ တွစ်တာကနေပဲ ဆုတောင်းပေးခဲ့ပါတယ်။ 

 

အလားတူ ရှာရွတ်ခန်းကလည်း သူရဲ့ Zero ရုပ်ရှင်ကားအတွက် ဘီဟာပြည်နယ်၊ ပတ်နာမြို့ကို ခရီးထွက်နေတာကြောင့် မွေးနေ့ပွဲနဲ့ လွဲချော်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

 

ဘောလိဝုဒ်လိုက်ဖ်ဒေါ့ကွန်း