ဟင်္သာတ ၉  ဇန်နဝါရီ

 

ဟင်္သာတမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ရန်ပုံငွေနှင့် ကျေးရွာနေပြည်သူတို့၏ ထည့်ဝင်ငွေ ဖြင့် ဆောင်ရွက်ခဲ့သည့် ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီက ရွာသာကျေးရွာတွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

 

8520

 

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးထိန်ဝင်းက အဖွင့်အမှာစာကားပြောကြားပြီး မီးလင်းရေး ကော်မတီအဖွဲ့က လျှပ်စစ်မီးလင်းရေး အထိမ်းအမှတ်အလံများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊  ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူးဦးဝင်းမောင်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှူးဒေါက်တာသန်းသန်းမှုတို့က မီးလင်းရေးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

အဆိုပါ ကျေးရွာတွင် ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာ ဖွံ့ဖြိုး ရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်(၁၀ဝ)သိန်းနှင့် ကျေးရွာနေပြည်သူများထည့်ဝင်ငွေ ကျပ်သိန်း (၇၄၀) တို့ဖြင့် 11KVA - ပေ ၁၈၅၀ ၊ 400  ဗို့လိုင်း ပေ ၉၉၆၀ ပေ နှင့် 200 KV  ထရန်စဖော်မာ တို့ကို ၂၀၁၉ ခုနှစ်၊ မေလ တတိယပတ်က လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မီးလင်းရေးလုပ်ငန်းများ ဖွင့်လှစ်နိုင်ခဲ့မှုကြောင့် အဆိုပါကျေးရွာရှိ အိမ်ထောင်စု(၁၆၃)စုတို့ကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)