ရွာသစ်  ဩဂုတ် ၁၁

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ရောဂါပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဆွေဆွေအေးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်း၍ သွားရောက်ဆောင်ရွက်ခဲ့သည်။

 

ပြည်သူများအနေဖြင့် ရောဂါကူးစက်မှု ထိထိရောက်ရောက် ကာကွယ်နိုင်ရန်နှင့် သိရှိလိုက်နာဆောင်ရွက်ရေး အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နန်းဆွေဆွေအေး(ပြန်/ဆက်)