နေပြည်တော် ၁၉ စက်တင်ဘာ
• ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားပြီး အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်ပါသည်။
• နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကိုလုံအောင်အုပ်ပါ။
• နှာချေ၊ ချောင်းဆိုးပြီးချိန်နှင့် ရောဂါလက္ခဏာရှိသူများအား ထိတွေ့ကိုင်တွယ်ပြီး ချိန်တိုင်း လက်ကိုရေနှင့် ဆပ်ပြာတို့ဖြင့် စင်ကြယ်စွာဆေးကြောပါ။
• တုပ်ကွေးရောဂါဖြစ်ပွားသူနှင့် နီးကပ်စွာနေထိုင်ခြင်း၊ လူထူထပ်သောနေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကြဉ်ပါ။
• လုံလောက်စွာအနားယူပြီး အာဟာရပြည့်ဝသည့် အစားအစာများစားသုံးပါ။
(ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးဌာနများတွင် ကုသမှုခံယူပါ။)
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
