နေပြည်တော် ၂၆ ဇူလိုင်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးပြဿနာ (Public Health Problem) နှင့်ကပ်ရောဂါ (Epidemic) အသွင်ဖြင့်ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ (Communicable Disease Surveillance) လုပ်ငန်းများကို အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀ဝ၅) (International Health Regulations-IHR 2005) နှင့်အညီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့်တင် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
ရာသီတုပ်ကွေးရောဂါသည် မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများ၌လည်း ဖြစ်ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ (၂၅)ရက်နေ့အထိ စာရင်းဇယားများအရ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၃၈၉)ဦးဖြစ်ကာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ဆက်စပ်ရောဂါများကြောင့် သေဆုံးသူ (၇၂)ဦး ရှိခဲ့ပါသည်။
(က) (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီမှ ဇူလိုင်လ (၂၅) ရက်နေ့အထိ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အချို့တွင် ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေ -




