ပန်းတနော် ၁၄ ဇူလိုင်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မရမ်းကျေးရွာ RHC ကျေးလက် ကျန်းမာရေးဌာနမှ ဦးဆောင်ကာ Future Light Foundation၊ ကရုဏာရှင် အရေးပေါ် လူနာတင်ယာဉ်တို့မှ ပူးပေါင်း၍ ပန်းတနော်မြို့နယ် အတွင်းသို့ လှည့်လည်ကာ ဇူလိုင် ၁၃ ရက် မွန်းတည့် ၁၂ နာရီက ရာသီတုပ်ကွေးရောဂါ အသိပညာပေး သီချင်းသီဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။

 

656

 

ထိုသို့ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးနှင့် ရာသီအအေးမိရောဂါများ၊ H1N1 ရောဂါ လက္ခဏာများ အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် သီချင်းသီဆို ပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးချမ်းအောင် (ပြန်/ဆက်)