ရာသီဥတုအရေး တစ်ဖက်သတ်ဆန်တော့မှာလား

အမေရိကန်နိုင်ငံက ၂၀၁၅ ပါရီရာသီဥတု ဆိုင်ရာသဘောတူစာချုပ်ကနေ နုတ်ထွက် တော့မယ့်အစီအစဉ်ကို စတင်အကောင် အထည်ဖော်ဆောင်နေပါပြီ။

နိုဝင်ဘာ ၄ ရက်က နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ၂၀၁၅ ပါရီရာသီဥတုဆိုင်ရာ သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်တော့မယ်ဆိုပြီး ကုလသမဂ္ဂအဖွဲ့ ထံ အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပါ တယ်။ အမေရိကန်က ဒီလိုနုတ်ထွက်မယ် ဆိုတာကို ၂၀၁၇ ခုနှစ်ကတည်းက စတင် အသိပေးကြေညာခဲ့ပါတယ်။ နုတ်ထွက်ရတဲ့ ခိုင်လုံတဲ့အကြောင်းကတော့ ပါရီစာချုပ် ချုပ်ဆိုတာဟာ အမေရိကန်နိုင်ငံရဲ့ ကာဗွန် ဒိုင်အောက်ဆိုက်လျှော့ချထုတ်လုပ်ခြင်း ရှိ၊ မရှိကို စောင့်ကြည့်ခြင်းခံနေရတဲ့အပြင် အမေရိကန်ရဲ့စီးပွားရေးကိုပါ ထိခိုက်စေပြီး ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေတယ်လို့ ဝန်ကြီး မိုက်ပွန်ပီယိုရဲ့ အစီရင်ခံစာထဲမှာ ရေးသား ထားပါတယ်။

အတိအလင်းကြေညာ

၂၀၁၅ ခုနှစ်မှာ နိုင်ငံပေါင်း ၂၀၀ နီးပါး က ပါရီစာချုပ်ကို လက်မှတ်ရေးထိုးချုပ်ဆို ခဲ့ပါတယ်။ စာချုပ်ပါနိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှုကို အဓိကဖြစ်စေတဲ့ ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လုပ်မှုကို ဘယ်လောက် အတိုင်းအတာအထိ လျှော့ချပစ်မလဲဆိုတဲ့ ပမာဏနဲ့ ကာလသတ်မှတ်ချက်တွေကို အတိအလင်းကြေညာရပါတယ်။
နိုင်ငံတကာ ရာသီဥတုဆွေးနွေးပွဲတွေ မှာ အမေရိကန်နိုင်ငံက ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လုပ်မှုကို လျှော့ချတဲ့အနေနဲ့ ကမ္ဘာကြီးရဲ့ စွမ်းအင်အရင်းအမြစ်တွေကို ခြိုးခြံချွေတာသုံးစွဲပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အလယ်မှာ စံပြနိုင်ငံအဖြစ် ရပ်တည်သွား မယ်ဆိုတာကို ဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ပြန်ချက်တစ်ရပ်မှာ ရေးသားဖော်ပြ ခဲ့ပါတယ်။

မယုံနိုင်စရာ

အခုအချိန်မှာ အမေရိကန်က ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွေရဲ့ အဓိက တရားခံ ဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုလျှော့ချရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာ့ နိုင်ငံတွေ သဘောတူညီထားတဲ့ ပါရီစာချုပ် ကနေ နုတ်ထွက်ဖို့ စတင်နေပြီဆိုတာ မယုံနိုင်စရာပါပဲ။

အမေရိကန်ရဲ့ ပါရီစာချုပ်ကနေ နုတ်ထွက်စာကို ကုလသမဂ္ဂအဖွဲ့က လက်ခံရရှိပြီးတဲ့နောက်မှာ နောင်အနာဂတ် မှာ ဖြစ်ပေါ်လာမယ့် ရာသီဥတုပြောင်းလဲရေး ဖြစ်စဉ်တွေကို အမေရိကန်နိုင်ငံ မပါတော့ ဘဲ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အသေးစိတ် လုပ်ထုံးလုပ်နည်းတွေကို မကြာခင်အချိန်မှာ ကြေညာသွားမယ်လို့ ကုလသမဂ္ဂအဖွဲ့ ဒုတိယပြောရေးဆိုခွင့် ရှိသူ ဖာဟန်ဟက်က ပြောကြားခဲ့ပါ တယ်။
ပါရီသဘောတူညီချက်အရ လက်မှတ် ရေးထိုးတဲ့နိုင်ငံတွေဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက် နောက်ပိုင်း သုံးနှစ်အတွင်း စာချုပ်ကနေ နုတ်ထွက်ခွင့်မရှိပါဘူး။ အမေရိကန်အနေနဲ့ စာချုပ်ကနေ နုတ်ထွက် ဖို့ဆိုတာဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အချိန်ထိတိုင်အောင် အဆုံးသတ် ဦးမှာ မဟုတ်ပါဘူး။

အဆက်မပြတ်အားထုတ်

သမ္မတထရန့်က ပါရီစာချုပ်ကနေ အမေရိကန်နုတ်ထွက်ဖို့ကို ၂၀၁၇ ခုနှစ်က တည်းက အဆက်မပြတ် အားထုတ်နေခဲ့တာ ဟာ အခုအချိန်မှာ လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်ခဲ့ပါပြီ။
သမ္မတထရန့်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချ ဝေဖန်တဲ့ ရာသီဥတုပညာရှင်တွေ အများကြီး ထဲမှာ နယူးယောက်မြို့တော်ဝန် မိုက်ကယ် ဘလွမ်းဘတ်ဂျ်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ ကျွန်တော်တို့ရဲ့ သန့်ရှင်းတဲ့ရေ၊ သန့်ရှင်းတဲ့လေတွေကို ရရှိ အောင် ဖန်တီးပေးနေတဲ့ ကျွန်တော်တို့ရဲ့ ရာသီဥတုဖြစ်စဉ်တွေကို ဖျက်ဆီးလိုက်တဲ့ သမိုင်းမှာ နာမည်ဆိုးတွင်စေမယ့် သမ္မတ တစ်ဦးပဲဖြစ်ပါတယ်။ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ မဟာအမှားကြီးဖြစ်နေမယ်ဆိုတာ အနာဂတ် တစ်ချိန်ချိန်မှာ သူ့အနေနဲ့နောင်တရနေမှာပါ ဆိုပြီး အမေရိကန်ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှာ အခြေစိုက်တဲ့ ရာသီဥတုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဆီရာကလပ်ရဲ့ အမှုဆောင်အရာရှိချုပ် မိုက်ကယ် ဘရုနီက ပြောကြားခဲ့ပါတယ်။

ကမ္ဘာကြီးပူနွေးလာ

ကမ္ဘာ့နိုင်ငံတွေ နေ့စဉ်သုံးစွဲနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု များပြား တဲ့အတွက်ကြောင့် နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုဒဏ်ကို ကာကွယ်ပေးတဲ့ အိုဇုန်း လွှာတွေ ပါးလွှာပြီး တစ်နေ့တခြား သိသိ သာသာ ပူနွေးလာပါတယ်။ ဒီဖြစ်စဉ်တွေကို ကာကွယ်သွားဖို့ ပါရီစာချုပ်ကို ကမ္ဘာ့နိုင်ငံတွေ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ စာချုပ်ရဲ့ အဓိက မျှော်မှန်းချက်တွေကတော့ လက်ရှိဖြစ်ပေါ် နေတဲ့ ကမ္ဘာကြီးပူနွေးမှုအဆင့်ကို သုည ဒသမ ၉ ဒီဂရီကနေ ၁ ဒသမ ၈ ဒီဂရီအထိ ရောက်ရှိ သွားခြင်းမရှိအောင် ကာကွယ်ပေးဖို့ဖြစ်ပါ တယ်။ ၂၀၁၅ ခုနှစ် ပါရီစာချုပ်မှာ ဒီလိုမျှော်မှန်း ချက်တွေ သတ်မှတ်ထားတာတောင် ကမ္ဘာကြီး ပူနွေးမှုအဆင့်ကို ပြည့်ဝစွာ ထိန်းချုပ်နိုင်မှု မရှိပါဘူး။

ဒါကြောင့် ပါရီစာချုပ်မှာ လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံတွေအနေနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကစပြီး ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုလျှော့ချရေး လုပ်ငန်းစဉ်တွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ် ကြရပါတယ်။ အမေရိကန်က နုတ်ထွက်ဖို့ ပြောကြားခဲ့တဲ့နောက်ပိုင်းမှာတော့ ရာသီဥတုဖြစ်စဉ်တွေနှင့်ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို စာချုပ်ပါနိုင်ငံတွေ က လျှော့ချလုပ်ဆောင်ခဲ့ကြတာကို တွေ့မြင် ရပါတယ်။

လူသားတွေခံစားလာ

ကျောက်မီးသွေး၊ လောင်စာဆီနဲ့ ဂက်စ် လောင်ကျွမ်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဟာ ၁၈၀၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး ကမ္ဘာကြီးကို အပူချိန် ၁ ဒသမ ၈ ဒီဂရီအထိ မြင့်တက်လာစေခဲ့ပါ တယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဧရာမရေခဲတုံးကြီးတွေ အရည်ပျော်လာတယ်။ ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်ပေါ်လာပါ တယ်။ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ် တွေကို လူသားတွေ ခံစားလာကြရပါ တယ်။

ဒါကြောင့် သိပ္ပံပညာရှင်တွေက ကျွန်တော် တို့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်တဲ့ ပမာဏများလေလေ ကမ္ဘာကြီးပူနွေးလေလေ ဖြစ်ပြီး အပူချိန်တွေ မြင့်တက်မှုနဲ့ ရာသီဥတု ဖောက်ပြန်မှုရဲ့ ဆိုးရွားတဲ့ဒဏ်တွေကို ကျွန်တော်တို့ ခံစားရမှာပဲဖြစ်တယ်လို့ ဆိုပါ တယ်။

အမေရိကန်သမ္မတ အိုဘားမားလက်ထက် မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု ပမာဏကို ၂၀၂၅ ခုနှစ် မတိုင်မီမှာ ၂၆ ရာခိုင် နှုန်းလျှော့ချသုံးစွဲဖို့ မျှော်မှန်းခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ မျှော်မှန်းချက်ကတော့ ၂၀၃၀ ပြည့်နှစ်မတိုင်မီမှာ ကာဗွန်ဒိုင်အောက် ဆိုက်ထုတ်လုပ်မှုကို ၄၀ ရာခိုင်နှုန်း လျှော့ချ သွားဖို့ပဲဖြစ်ပါတယ်။ ဒီပမာဏဟာ အမေရိကန် နဲ့ နှိုင်းယှဉ်ရင် အများကြီး သာလွန်မှုရှိတယ် ဆိုတာ တွေ့ရပါတယ်။

လွဲမှားနေပြီဖြစ်

အမေရိကန်ဟာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှုလျှော့ချရာမှာ ဦးဆောင်စံပြဖြစ် ရမယ်လို့ အမေရိကန်ထိပ်တန်းအရာရှိတွေ ရဲ့ ပြောကြားချက်ဟာ အခုချိန်မှာ လွဲမှားလို့ နေပြီဖြစ်ပါတယ်။
အတိတ်အချိန်တွေကို ပြန်ကြည့်ရင်လည်း အမေရိကန်နိုင်ငံက ၂၀၀၅ ခုနှစ်ကစပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှု လျှော့ချမှု အများဆုံး ထိပ်ဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဗြိတိန်၊ ပြင်သစ်၊ ဆွီဒင်၊ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ အိုင်ယာလန်၊ ဟန်ဂေရီ၊ ဂရိ၊ ချက်သမ္မတနိုင်ငံနဲ့ အခြားနိုင်ငံတွေသာ အင်တိုက်အားတိုက် ကြိုးပမ်းခဲ့တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပါရီစာချုပ်ကို လိုက်နာခြင်းဟာ အမေ ရိကန်ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုမဟုတ်သလို ဥစ္စာဓန ပျက်စီးဆုံးရှုံး သွားစရာအကြောင်းလည်း မရှိပါဘူးလို့ ကလင်တန်နဲ့ ဂျော့ဒဗလျူဘုရှ် အစိုးရအဖွဲ့ တွေမှာ ရာသီဥတုဆိုင်ရာ အကြံပေးဖြစ်သူ နီဂျယ်လ် ပါဗစ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏကို ၁၃ ရာခိုင်နှုန်းခန့် လျှော့ချခဲ့တယ်လို့ ဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အမေရိကန်ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လုပ်မှုဟာ ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာတာကို တွေ့ရပါတယ်။ အကြောင်းကတော့ ကျောက်မီးသွေးတွေကို ယခင်ကထက် ပိုမိုသုံးစွဲလာပြီး လေထု အရည်အသွေး အဆင့်ထိန်းသိမ်းထားရှိမှု တို့ကို မျက်ကွယ်ပြုလာတဲ့ သမ္မတထရန့် ရဲ့ တွန်းအားပေးမှုတွေကြောင့်ပဲ ဖြစ်ပါတယ် လို့ ကိုလံဘီယာဥပဒေကျောင်း ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ် လေ့လာရေးစင်တာမှ မိုက်ကယ် ဂျာရက်ဒ်က ပြောကြားခဲ့ပါ တယ်။

ဒါ့အပြင် ပါရီစာချုပ်မှာ အမေရိကန် အနေနဲ့ ဆက်လက်ရှိနေဦးမယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု လျှော့ချမှုပမာဏကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချသုံးစွဲရမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတထရန့် လိုလားမှုမရှိတဲ့အရာပဲဖြစ်ပါ တယ်လို့ မိုက်ကယ် ဂျာရက်ဒ်က ဆက်လက် ပြောကြားခဲ့ပါတယ်။

လျော့ကျသွားစေ

သမ္မတထရန့်ရဲ့ ပါရီစာချုပ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ဟာ အခြား လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေကိုပါ စာချုပ်ပါအချက်အလက်များကို လိုက်နာ ဆောင်ရွက်ဖို့ လျော့ကျသွားစေနိုင်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံကတောင် လိုက်နာမှုမရှိဘူးဆိုရင် ငါတို့လိုနိုင်ငံတွေ က လိုက်နာစရာ လိုသေးလို့လားဆိုပြီး စာချုပ်ပါအချက်အလက်များကို ဖီဆန်သွား ကြမှာကို စိုးရိမ်မိပါတယ်ဟု မိုက်ကယ် ဂျာရက်ဒ်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲမှာ အခြား တစ်ဦးတစ်ယောက် အနိုင်ရရှိမည်ဆိုပါက သူ့အနေနဲ့ပါရီစာချုပ်မှာ ပြန်လည်ပါဝင် လာမယ်ဆိုတာ သေချာပါတယ်လို့လည်း မိုက်ကယ် ဂျာရက်ဒ်က ဆိုပါတယ်။

အမေရိကန် ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးကလည်း သမ္မတထရန့်ရဲ့ ပါရီ စာချုပ်ကနေ နုတ်ထွက်မယ့်ဆုံးဖြတ်ချက် ဟာ အမှားတစ်ခု ကျူးလွန်လိုက်ခြင်းပဲ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အမြဲအမှတ်တရရှိနေ

ရာသီဥတုဖောက်ပြန်မှုတွေကို ဖြေရှင်း ဖို့ ကျွန်တော်တို့လူသားတွေရဲ့ ကြိုးပမ်းမှု တွေကို ဘယ်လိုအရာမျိုးကမှ ကာကွယ် တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မလိုလောဘအတွက် ကမ္ဘာကြီးကို ခုတုံး လုပ်ပြီး ကိုယ်ကျိုးရှာတဲ့သူတွေကိုတော့ သူတို့ရဲ့လုပ်ရပ်တွေအတွက် လူသားတွေရဲ့ ရင်ထဲမှာ အမြဲအမှတ်တရရှိနေမှာပါလို့ ဒုတိယသမ္မတဟောင်း အယ်လ်ဂိုးက ပြောကြားခဲ့ပါတယ်။

ပါရီစာချုပ်က နုတ်ထွက်ရေးဆုံးဖြတ် ချက်ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မှာ သမ္မတထရန့်အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်မလား၊ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိုးကား - ဘန်ကောက်ပို့စ်

ဘာသာပြန်-အောင်ကျော်ကျော်