ကိုလံဘို၊ မေ ၂၀
မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၁၀၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သီရိလင်္ကာ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး သူစီသာ ဝေဒရာသ်နီက မေ ၂၀ ရက်တွင် သတင်းထောက်များအား ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေ ၂၀ ရက် နံနက်ပိုင်းအထိ မိသားစု ၃၅၁၈ စုမှ လူ ၁၀၂၉၉ ဦး ထိခိုက်ခဲ့မှုနှင့်အတူ အနုရာဒါပူရခရိုင်မှ လူနှစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ်သုံးလုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အနောက်တောင် မုတ်သုံလေ စတင်ဝင်ရောက်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေကာ တစ်ချိန်တည်းတွင် ယခုသီတင်းပတ်အတွင်း ခရိုင်အများအပြား၌ မိုးရေချိန် ၁၀၀ မီလီမီတာအထက် မိုးသည်းထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း သီရိလင်္ကာမိုးလေဝသ ဌာနက ထုတ်ပြန်ထားသည်။
ဆင်ဟွာ