ဝါရှင်တန် ၈ ဧပြီ

 

ဘာလင်၌ အလည်အပတ်ရောက်ရှိနေသည့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားသည် ရာသီဥတုပြောင်းလဲမှုကို အပတ်စဉ်ဆန္ဒဖော်ထုတ်နေကြသည့် လူငယ်များ၏လှုပ်ရှားမှုကို ကြိုဆိုဂုဏ်ပြုခဲ့ပြီး မြန်မြန်စတင်နိုင်လေလေ၊ ပိုကောင်းလေ လေဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်ခဲ့သည့် ဆန္ဒဖော်ထုတ်မှုတွင် ကျောင်းသားလူငယ်များနှင့် ဆယ်ကျော်သက်များပါဝင်ခဲ့ပြီး ဆွီဒင်မှ ဆယ်ကျော်သက်လှုပ်ရှားသူ ဂရီတာသမ်ဘတ်၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

 

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်ခဲ့ကြသူများသည် အလွန်ငယ်ရွယ်ကြသေးသည့်အတွက် မဲပေးနိုင်သည့်အရွယ်များ မဟုတ်ကြကြောင်း သို့သော်လည်း ကမ္ဘာ ကြီးတွင် မည်သို့ဖြစ်နေသည်ကို ၄င်းတို့နားလည်သိရှိကြကြောင်း သမ္မတဟောင်းအိုဘားမားက ဘာလင်၌ လူငယ်များနှင့် တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့သည်။

 

သင်တို့သည် မိမိနားထောင်လိုသော ဂီတအမျိုးအစား သို့မဟုတ် မိမိဝတ်ဆင်ရမည့် အဝတ်အစားတို့ကို သင်တို့၏ဘိုးဘေးများကို ရွေးချယ်ခိုင်းလိမ့်မည်မဟုတ်၊ သင်မည်သည့် ကမ္ဘာတွင် သင်နေထိုင်မည်ဆိုသည်ကို ရွေးချယ်ခိုင်းရလိ်မ့်မည် ဟုအိုဘားမားက ပြောကြားခဲ့သည်။ ကျွန်ုပ်တို့ နေထိုင်သည့် ကမ္ဘာမြေကြီးသည် အန္တရာယ်အတွင်း ကျရောက်နေပြီဖြစ်သည်။ထိုင်နေရုံဖြင့် အောင်မြင်မှုရလာမည်မဟုတ်သလို ကိုယ်တိုင် မလုပ်ဘဲ တခြားသူက လုပ်ဆောင်သွားရန် စောင့်ဆိုင်းနေရုံမျှဖြင့်လည်း အကျိုးမရှိနိုင်ဟု သမ္မတဟောင်းက လူငယ်များအား ဆော်ဩခဲ့ကြောင်းသိရသည်။

 

အေအက်ဖ်ပီ