နေပြည်တော် ၂၀ ဒီဇင်ဘာ
အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီအောက်ရှိ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး လုပ်ငန်းကော်မတီ၏ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီအမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက သတ္တမအကြိမ်မြောက် လုပ်ငန်းကော်မတီ အစည်းအဝေးနှင့် အဋ္ဌမအကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေး၌ ချမှတ်ဆုံးဖြတ်ခဲ့သော အချက်အလက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို အကြံပြု ဆွေးနွေးကြသည်။
ကိုမျိုး