ရေတာရှည်   ၈   အောက်တိုဘာ   

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အနောက် ၁၇ မိုင်ခန့်အကွာ သစ်တောကြိုးဝိုင်း တောင်ပေါ်ဒေသ လုံးရမ်း ကျေးရွာအုပ်စု၊ ကျွဲကောပင်ရွာတွင် အောက်တိုဘာ ၇ ရက်နေ့  နံနက် ၁၁ နာရီအချိန်ခန့် ကျေးရွာခံ အမျိုးသားတစ်ဦး တူမီးလုပ်သေနတ်ဖြင့် အပစ်ခံရပြီး ဆေးရုံသို့သယ်ဆောင်လာစဉ် လမ်းခုလတ်၌ သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ  ကျွဲကောပင်ကျေးရွာနေ ကိုမျိုးသည် နေအိမ်ပေါ်မှနေ၍ မကြားဝံ့ မနာသာအောင်ဆဲဆိုနေကြောင်း၊ ထိုသို့ ဆဲဆိုနေသဖြင့် အိမ်နီးချင်း ဦးလေးတော်သူ ကိုစိုးနိုင်ဝင်း က ဆဲဆိုခြင်းမပြုဖို့ ပြောဆိုရာတွင် ကိုမျိုးက အိမ်ပေါ်မှ တူမီးလုပ်သေနတ်ဖြင့် လှမ်းပစ်ခဲ့ကြောင်း၊ တူမီးသေနတ်ဖြင့် အပစ်ခံရခြင်းကြောင့် ကိုစိုးနိုင်ဝင်းမှာ ဆေးရုံသို့ပို့စဉ် သွေးထွက်လွန်ပြီး သေဆုံးသွားခြင်းဖြစ်သည်။

 

ပြစ်မှုကျူးလွန်သူမှာ လက်ရှိတွင်  ရှောင်ပြေးနေပြီး ဆွာနယ်မြေရဲစခန်းမှ ဖမ်းဆီးရမိရေး အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)