ရှားတော ၁၉ နိုဝင်ဘာ
ကယားပြည်နယ် ရှားတောမြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗန်းရှင်း အထိမ်းအမှတ်နေ့(UNCRC Day) အကြိုလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စုပေါင်းရုံး ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီက္ကဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးရန်နိုင်မောင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သမိုင်းကြောင်းများနှင့် ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီချိုက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၃၁)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗန်းရှင်းအထိမ်းအမှတ်နေ့(UNCRC Day) အကြောင်းကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး ကလေးသူငယ်ကိုယ်စားလှယ်များက ကလေးသူငယ်အခွင့်အရေးအကြောင်း၊ ကလေးသူငယ် များအား ကာကွယ်စောင့်ရှောက်ပေးရမည့် အချက်များအကြောင်းနှင့် ကလေး သူငယ် အခွင့်အရေး ဥပဒေပါ ကလေးများ၏ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် ကော်မတီဝင်များ ဌာနဆိုင်ရာ တာဝန် ရှိသူများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂညီလာခံ ကွန်ဗန်းရှင်း အထိမ်းအမှတ် နေ့(UNCRC Day) အကြိုလှုပ်ရှားမှု မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်း အဆင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ (CRC) ဉာဏ်စမ်းမေးခွန်းတွင် ဆုရရှိသော ကလေးသူငယ်များအားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)


