ရှားတော၊ ၁၅    ဇန်နဝါရီ         

 

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် နံနက် ၇ နာရီက ရှားတောမြို့နယ် စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်က ကယားပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုထံမှ ပေးပို့သော (၆၉) နှစ်မြောက် ကယားပြည်နယ်နေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

 

ယင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထွန်းအောင်(ပြန်/ဆက်)

 

mdn