ရှားတော ၁၈ စက်တင်ဘာ
ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ စုပေါင်းရုံးခန်းမ၌ ကယာပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ထောက်ပံ့မှုဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးခြင်းအခမ်းအနားကို စက်တင်ဘာလ(၁၇)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ပထမဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် နှင့်တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များကိုယ်စား မိခင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းအခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ကယားပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ တက်ရောက်ခဲ့ပြီး စတုတ္ထ(၃)လပတ်(ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လအတွက် ရှားတောမြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်(၁၃၂)ဦး၊ အသက်(၂)နှစ် အောက်ကလေး(၁၁၂)ဦး စုစုပေါင်း(၂၄၄)ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထွန်းအောင်(ပြန်/ဆက်)


