ရှားတော  ၂၀ ဇွန်    

ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဒေါ်မေရီယာန်ထူး(အမျိုးသမီးကျန်းမာရေးဆရာမ)နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောင့်ရေးအသင်းဝင်များသည် ကလေးကြီးထွားဖွံ့ဖြိုးမှုကိုသိရှိစေရန် ရည်ရွယ်၍ (၅)နှစ်အောက်ကလေး ဖွံ့ဖြိုးမှုတိုင်းတာခြင်းကို ဇွန်လ(၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

25

 

(၅)နှစ်အောက်ကလေး ဖွံ့ဖြိုးမှုတိုင်းတာခြင်းကို ပေါ်ရပ်ကွက်(၄)ရပ်ကွက်ရှိ ကလေး(၁၅၂)ဦး ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
    
ထွန်းအောင်(ပြန်/ဆက်)