ရှားတော ၁၁ ဇူလိုင်

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်သောအဖွဲ့မှ ရှားတောမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း၊ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များ၊ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများထံသို့ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီတွင် ရှားတောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်အမှာစကား ပြောကြားသည်။

 

230

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့မှ ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ထပ်ဆင့်ချီးမြှင့်ခြင်း၊ ပုံမှန်ဝင်ငွေမရှိသော ထပ်တိုးအိမ်ထောင်စုဝင်များအား ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေးသူငယ်များ၊ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

 

32.01

 

ထို့နောက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်လာသူများက တင်ပြရာ ပွန်ချောင်းကျေးရွာမှ ရွာအတွက် ကက်သလစ်ဘုရားကျောင်း ဆောက်လုပ်ပေးစေလိုကြောင်း၊ သရီးဒါး တိုက်နယ်ဆေးရုံ၌ တိုက်နယ်ဆေးရုံ ဆရာဝန်တစ်ဦး အမြဲတမ်းထားရှိ ပေးစေလိုကြောင်း၊ တိုက်နယ်ဆေးရုံအတွက် လိုအပ်နေသည့် လူနာတင်ယာဉ် ဆောင်ရွက်ပေးစေလိုကြောင်း၊ သရီးဒါးကျေးရွာ လမ်းမကြီး ပေ(၅၀၀)ခန့်အား သွားလာရအဆင်ပြေစေရန်အတွက် ကွန်ကရစ် လမ်းခင်းပေးစေလိုပြီး ကျေးရွာတွင်း လမ်းမီးထွန်းလင်းရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ တေလဲကျေးရွာမှ လျှပ်စစ်မီး၊ ရေရရှိရေးနှင့် ကျောင်းခြံစည်းရိုးရရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ဈေးပိုင်းရပ်ကွက်မှ ကယားပိုင်းဘက် အပိုင်းတွင် ရေရှားပါးလျက်ရှိကြောင်း၊ လတ်တလော အရေးကြီးသည့် အဝီစိတွင်း ရေမထွက်သဖြင့် ရေရှိရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့အပြင် ကျွမ်းနေသည့် လမ်းမီးတိုင် မီးလုံးများအား လဲလှယ်၍ မီးထွန်းလင်းရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်ပိုင်းကျေးရွာမှ အ.မ.က စုစည်းကျောင်းအတွက် လိုအပ်သည့် စာရေးခုံများ ပံ့ပိုးပေးစေလိုကြောင်း အသီးသီးတင်ပြခဲ့ကြသည်။

 

420.

 

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ရာ ရန်ပုံငွေ လျာထားဆောင်ရွက်မှု အခြေအနေများ၊ ရန်ပုံငွေပါရှိပြီး လုပ်ငန်းများ တင်ဒါခေါ်ယူ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ ပစ္စည်းများခွဲဝေ ဆောင်ရွက်ပေးမည့် အခြေအနေများအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။

ထွန်းအောင်(ပြန်/ဆက်)