၁၂ မေ
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းက ဒီနေ့ကျင်းပတဲ့ ဒေသခံရဲအရာရှိတစ်ဦးရဲ့ အသုဘအခမ်းအနားမှာ အသေခံဗုံးခွဲတိုက်ခိုက်တဲ့အတွက် လူအမြောက်အများဒဏ်ရာရရှိပြီး ၁၅ ဦး သေဆုံးကြောင်းနဲ့ လူ ၅၀ ကျော် ဒဏ်ရာရရှိကြောင်း ဒေသခံအစိုးရရဲ့ ပြောခွင့်ရသူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အခမ်းအနားထဲမှာ အသေခံဗုံးခွဲသူက သူ့ရဲ့ကိုယ်မှာ ဝတ်ဆင်လာတဲ့ ဗုံးတွေကို ဖောက်ခွဲခဲ့ကြောင်း၊ ကနဦးသတင်းအရက သေဆုံးသူနဲ့ ဒဏ်ရာရသူ ၄၀ လောက်ရှိကြောင်း နန်ဂါဟာ ပြည်နယ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။
ဒီကနေ့မှာဘဲ သေနတ်သမားသုံးဦးက ကာဘူးရှိ ဆေးရုံတစ်ရုံကို ဝင်ရောက်တိုက်ခိုက်ရာ မွေးကင်းစအရွယ် ကလေးနှစ်ဉီးအပါအဝင် သေဆုံးသူ အနည်းဆုံး ၁၃ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ ၁၀၀ ကျော်ကြောင်း၊ အထူးတပ်ဖွဲ့တွေက မိခင်နဲ့ကလေးတွေအပါအဝင် လူ ၈၀ ဦး ကို ကယ်ဆယ်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်နိုင်ငံ နယ်စပ်အနီးရှိ နန်ဂါဟာ ဒေသ အိုင်အက်စ် အဖွဲ့နဲ့ တာလီဘန်အဖွဲ့တွေရဲ့ အခြေစိုက်စခန်းတွေရှိပြီး အခုနှစ်ပိုင်းတွင် အဲဒီနေရာမှာ အပြင်းအထန်တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း သိရပါတယ်။
တနင်္လာနေ့ကလည်း အာဖဂန်မြို့တော် ကာဘူးရဲ့ မြောက်ပိုင်းဒေသမှာ လမ်းဘေးဗုံးထောင်ဖောက်ခွဲမှု လေးခုကို မိနစ် (၉၀) အတွင်း ပြုလုပ်ခဲ့တဲ့အတွက် ကလေးတစ်ဦးအပါအဝင် အရပ်သားလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီပေါက်ကွဲမှုဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့ပွားမှု တားဆီးနိုင်ရေးအတွက် အသွားအလာပိတ်ဆို့မှု ပြုလုပ်ရန် တာဝန်ရှိသူတွေက ကြိုးပမ်းနေစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
MDN
ကိုးကား - AFP