ဂန့်ဂေါ   ၂၃  ဖေဖော်ဝါရီ

သဘာဝမြေသြဇာပြုလုပ်နည်း စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဂန့်ဂေါမြို့နယ် ရဲလှကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

 

s2

 

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုလျှော့ချရေးအတွက် လိုက်နာကျင့်သုံးသင့်သော စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP အကြောင်းနှင့် အကျိုးပြု အဏုဇီဝဖျော်ရည် အီးအမ်ကို အသုံးပြု၍ သဘာဝမြေဆွေးနှင့် သဘာဝပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းများကို ပညာပေး ဆွေးနွေးခဲ့ကြ သည်။

 

s3

 

အဆိုပါ ပညာပေးဆွေးနွေးပွဲကို ဂန့်ဂေါမြို့နယ်၊ ပုံတောင်ပုံညာဒေသ ကျောမြို့တွင်လည်း ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ သဘာဝမြေဆွေးများကို လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

ကျော်သန်းဆွေ