၁၀ ဇွန်

 

ပြည်နယ်ဉပဒေပြုလွှတ်တော်က မကြာသေးမီက ချမှတ်ခဲ့သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးမှုဆိုင်ရာ ဉပဒေကို လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သူက ပြောကြားခဲ့သည်။

 

အဆိုပါ ဖျက်သိမ်းမည့် ဉပဒေများထဲတွင် ရဲတပ်ဖွဲ့ဝင်များ၏ စည်းကမ်းထိန်းသိမ်းရေး မှတ်တမ်းများကို လျှို့ဝှက်ထားသည့် ဥပဒေကို ဖျက်သိမ်းခြင်း စသည်တို့လည်း ပါဝင်သည်။

 

သိသာထင်ရှားသည့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်ရန် အချိန်တန်ပြီဖြစ်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စု အတွင်းရှိ  ရဲတပ်ဖွဲ့ကို အပြင်းထန်ဆုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးဖြစ်သူ အင်ဒရူး ကူမိုက ယနေ့၌ ကတိပြုပြောကြားခဲ့သည်။

 

ရဲတစ်ဉီး၏ ထိန်းချုပ်ထားသည့် အာဖရိကန်-အမေရိကန် လူမည်းအမျိုးသားတစ်ဉီး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကူမိုက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို ယခုအပတ် အစောပိုင်းကပင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်