ဆိုးလ် ဇန်နဝါရီ ၁၄
တောင်ကိုရီးယားသမ္မတ ယွန်ဆုခ်ယော၏ဦးစီးအရာရှိချုပ်က သမ္မတ လုံခြုံရေးအစောင့်တပ်ဖွဲ့နှင့် သမ္မတ ဖမ်းဆီးထိန်းသိမ်းရေးဝရမ်းကို ဖော်ဆောင်ရန် ကြိုးပမ်းနေသည့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခြင်းမှ ရှောင်ရှားသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြား လိုက်သည်။
အဆိုပါဦးစီးအရာရှိချုပ် ချောင်ဂျင်ဆွတ်ခ်က ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် အဆိုပါ ကြေညာချက်ထုတ်ပြန်ခဲ့သည်။ စုံစမ်းစစ်ဆေး ရေး ပူးပေါင်းအဖွဲ့တစ်ဖွဲ့သည် ဇန်နဝါရီ ၁၃ ရက် ထက် နောက်မကျဘဲ ဖမ်းဝရမ်းကို အကောင်အထည်ဖော်သွားဖွယ်ရှိကြောင်း ၎င်းက ပြောသည်။
စုံစမ်းစစ်ဆေးသူများသည် မာရှယ်လောထုတ်ပြန်မှုနှင့်ပတ်သက်ပြီး သမ္မတ ယွန်ကို မေးမြန်းမှုများ ပြုလုပ်လိုနေကြသည်။ ထို့အပြင် ဇန်နဝါရီ ၃ ရက်က သမ္မတ ယွန်ကို ဖမ်းဆီးထိန်းသိမ်းရန် စုံစမ်း စစ်ဆေးသူများ၏ အစောပိုင်းကြိုးပမ်းမှုကို သမ္မတလုံခြုံရေးအဖွဲ့ (ပီအက်စ် အက်စ်)က တားဆီး ဟန့်တားခဲ့သည်။
စုံစမ်းစစ်ဆေးသူများသည် ဖမ်းဝရမ်းကို နောက်တစ်ကြိမ် အကောင်အထည်ဖော်ရန် စီစဉ်နေသော် လည်း ပီအက်စ်အက်စ်က ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်လျက်ရှိသည်။ ရဲတပ်ဖွဲ့နှင့် ပီအက်စ်အက်စ်တို့အကြား ပဋိပက္ခဖြစ်ပွားလာနိုင်ခြေနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်း ချောင်က ပြောသည်။
ထို့အပြင် နိုင်ငံရေးအကျပ်အတည်းမဖြစ်ပွားစေရန် ပဋိပက္ခဖြစ်ပွား လာနိုင်ခြေအပေါ် တားဆီး ဟန့်တားနိုင်သည့် အရာအားလုံးကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အင်န်အိတ်ချ်ကေ