၁၇ ဇွန်
ယမန်နေ့နံနက်ပိုင်းက ဆူတာမြို့တော်၌ ရဲအရာရှိတစ်ဦးမှာ ဓားထိုးခံခဲ့ရပြီး သေနတ်လုယူခံရပြီးပြီးချင်း သေနတ်သံဟု ယုံကြည်ရသည့်အသံတစ်ခု ကြားခဲ့ရကြောင်း အိုဆာကာမြို့တော်ရှိ ရဲတပ်ဖွဲ့က ပြောကြားသည်။
လူသတ်ရန် ကြံစည်ခြင်းနှင့် ခိုးမှုသံသယတို့အတွက် အသက် ၃၃ နှစ်အရွယ် လူတစ်ဦးအား တနင်္လာနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်။
သေနတ်ထဲရှိ ကျည်ဆံငါးတောင့်ကို ပစ်ခတ်ခဲ့သည်ဆိုသော အထောက်အထားကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်။
တိုက်ခိုက်မှုဖြစ်ပွားပြီး မိနစ်၂၀ခန်အကြာတွင် ရာဇဝတ်ဖြစ်ပွားရာနေရာအနီး၌ သေနတ်သံတစ်ချက် ကြားခဲ့ရသည်ဆိုသော သတင်းများလည်း ရဲတပ်ဖွဲ့က လက်ခံရရှိခဲ့သည်။
သေနတ်ပစ်ခတ်သံများကို လူတစ်ဦးထက်ပို၍ ကြားခဲ့ရကြောင်း စုံစမ်းစစ်ဆေးသူများက တွေ့ရှိခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်