mdn

နတ်တလင်း     ဇူလိုင် ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ယူကြီးကြပ်အကောင်အထည်ဖော်ဆောင်ရွက်သည့်  ကုလားတက်ထွန်းကျေးရွာ အုပ်စု၊ ရဘိန်းစု ကျေးရွာတွင် ကွန်ကရစ်တံတားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီး စီးကြောင်းသိရသည်။

အဆိုပါကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရန်ပုံငွေကျပ် သိန်း ၁၀၀ ထောက်ပံပေးခြင်း၊ နည်းပညာများပံ့ပိုးကူညီပေးပြီး ကျေးရွာပြည်သူလူထုမှ လုပ်အားထည့်ဝင်၍ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း နတ်တလင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွန်း ထံမှသိရှိရသည်။

ရဘိန်းစုကျေးရွာ ကွန်ကရစ်တံတား အရှည် ပေ ၁၂၀ ၊ အကျယ် ၁၂ပေကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တတိယ ပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင််််း၊ အိမ်ထောင်စု ၈၁ စု၊  လူဦးရေ ၂၆၄ ဦး အကျိုးပြုမည်ဖြစ်ကြောင်း၊ ယခုလိုကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းဖြင့် ကွန်ကရစ်တံတားကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများ ယခင်ကထက်လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပြီး ကျေးရွာရှိ စိုက်ပျိုးမြေ ဧက ၄၅၀ ဧကမှ ထွက်ရှိလာသော လယ်ယာထွက်ကုန် သီးနှံ များကို စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်းသိရှိရသည်။

ဖြိုးလေး