ရေး၊ ၂ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု စုံနံ့သာကျေးရွာအနီး ရေး-မော်လမြိုင် ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီ ၅၃ မိနစ်ခန့်က ရာဘာများသယ်ဆောင်လာသော ဘွန်ဂိုကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့မရဲစခန်းမှူး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ခရီးသွားပြည်သူများ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း၊ ယာဉ်မောင်းသူမှာ ဦးဝင်းထိုက် (၄၇)နှစ် အဏ္ဏဝါရပ်ကွက် ရေးမြို့နယ်နေထိုင်သူဖြစ်ပြီး ကားဘက်ထရီအိုးသို့ သွယ်တန်းထားသော ဝိုင်ယာကြိုးရှော့ဖြစ်ရာမှ ကားပေါ်တွင် တင်ဆောင်လာသော ရာဘာအစိမ်းပြားများပေါ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ကာ ယာဉ်မောင်းသူ ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရသည်။
ရေးမြို့နယ်(ပြန်/ဆက်)
