ရော်ဘာခြံပြုစု ထိန်းသိမ်းခြင်း၊ အစေးခြစ်ခြင်းနှင့် အဆင့်မြင့် ရော်ဘာပြား ပြုပြင်ခြင်း သင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ်၊ ကျိုက်ဒုံမြို့နယ်၊ မိတန်ကျေးရွာအုပ်စုရှိ ဦးချစ်လွန်း၏ ရော်ဘာခြံ၌ ပြုလုပ်ခဲ့သည်။ 

 

သင်တန်းတွင် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်ခင်သီနွယ်မှ သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုး နည်းပညာ များနှင့်ပတ်သက်၍ လိုအပ်ပါက ဆက်သွယ် မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ၃၀ တက်ရောက် သင်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)