၂၇ ဖေဖော်ဝါရီ

ရော်ဘင်ခရူးဆိုးကျွန်းဟာ ချီလီနိုင်ငံရဲ့ မိုင် ၄၃၀ အရှည်ရှိ ပစိဖိတ်ကမ်းခြေမှာရှိတဲ့ ကျွန်းဖြစ်ပါတယ်။ အဲဒီကျွန်းဟာ လွန်ခဲ့တဲ့ ၁၆ ရာစုမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

mdn

 

ရော်ဘင်ခရူးဆိုးကျွန်းဟာ သမိုင်းမှာ စကော့လူမျိုး အက်လက်ဇန္ဒါး ဆားကား တစ်ယောက် ၄ နှစ်နဲ့ ၄ လ နေထိုင်ခဲ့ပြီး ဒန်နီရယ် ဒီဖိုးကို မရောက်ခင် နေခဲ့တဲ့ နေရာဖြစ်ပါတယ်။

 

mdn

 

၁၉၇၇ ခုနှစ်မှာ ရှေးဟောင်းသုတေသီ ယွန်ဖာနန်ဒတ်ကို ဂုဏ်ပြုသောအားဖြင့် ချီလီအစိုးရက ပညာရှင်ရဲ့ နာမည်နဲ့ အာဏ္ဏဝါပန်းခြံတစ်ခုတည်ဆောက်ခဲ့ပြီး အဲဒီပန်းခြံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ  တစ်သိန်းတစ်ထောင် စတုရန်းမိုင်ကျယ် ပြီး အဲဒီနေရာဟာ ကာကွယ်စောင့်ရှောက်မှုအကြီးအမားဆုံးရှိတဲ့ နေရာဖြစ်ပါတယ်။

 

mdn

 

ရော်ဘင်ခရူးဆိုး ကျွန်းမှာနေထိုင်တဲ့ ရေလုပ်သားတွေဟာ ရေသတ္တဝါဖမ်းဆီးနှုန်းကို ၇၅% အထိလျှော့ချခဲ့ပြီးကြောင်း၊ အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် တောင်အမေရိကန်မှာ ငါးမျိုးစိတ်တွေ ရေရှည်မှာ ဆက်လက်တည်ရှိနိုင်မယ်လို့ ဘိုးစဉ်ဘောင်ဆက် ရေလုပ်ငန်းလုပ်ကိုင်သူလည်းဖြစ် ကျွန်းရဲ့တံငါသည်သမဂ္ဂရဲ့ ခေါင်းဆောင် ဝီဆင်က ပြောပါတယ်။

 

mdn

 

ငါးဖမ်းနိုင်တဲ့ အချိန်ကိုလည်း အောက်တိုဘာ ၁ ရက်ကနေ မေ ၁၅ အထိ ကန့်သတ်ပြီး ကျန်တဲ့အချိန်မှာ ပုစွန်တုပ်ထုတ်ဖမ်းတဲ့ သစ်သားအိုးကို သာအသုံးပြုခွင့်ရှိပါတယ်။ အဲဒီလို ဖမ်းဆီရာမှာ ပုစွန်တွေရဲ့ အရွယ်အစားကို ကန့်သတ်ထားပြီး မျိုးဥရှိတဲ့ ပုစွန်မတွေကို ပင်လယ်ထဲကို ပြန်လွှတ်ပေးရကြောင်း သိရပါတယ်။

 

mdn

 

ရော်ဘင်ခရူးဆိုးကျွန်းမှာ ၂၀၂၀မှာ ပလတ်စတစ်ကင်းစင်ရေး ရည်ရွယ်လုပ်ဆောင်နေပါတယ်။ ဒီကျွန်မှာ ရေငုပ်သမားတွေနဲ့ တောလမ်းတက်တဲ့သူတွေရဲ့ တကယ့်နိဗ္ဗာန်ဘုံဖြစ်ပါတယ်။ ကျွန်းကိုရောက်ဖို့အတွက် လူ ၈ ဦးသာစီးနိုင်တဲ့ လေယာဉ်တွေ စီစဉ်ထားပါတယ်။ လေယာဉ်လက်မှတ်ခက လူတစ်ဦးကို အမေရိကန်ဒေါ်လာ ၈၀ဝ ပေးရပါတယ်။

 

mdn

 

လွန်ခဲ့တဲ့ ၁၀ နှစ်က ချီလီနိုင်ငံဟာ သမုဒ္ဒရာတွေမှာရှိတဲ့ သဘာဝတရားကို ကမ္ဘာမှာ အရှာဖွေဆုံးနိုင်ငံဖြစ်ခဲ့ရာကနေ အခုတော့ သဘာဝတရားကို ထိန်းသိမ်းနိုင်ဆုံးနိုင်ငံ ဖြစ်လာပါတယ်လို့ ဆိုနိုင်ပါတယ်။

MDN
ကိုးကား - AFP

 

mdn

 

mdn