ရော်ဂျာဖက်ဒဲရာနဲ့ ဂျိုကိုဗစ်တို့ ဝင်ဘယ်ဒန်တင်းနစ်ဖလား ကွာတားဖိုင်နယ် တက်လှမ်း

တင်းနစ်လောကရဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ရော်ဂျာဖက်ဒဲရာနဲ့ နိုဗက်ဂျိုကိုဗစ်တို့ဟာ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ပြိုင်ဘက်အသီးသီးကို အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ ဆားဘီးယားတင်းနစ်အကျော်အမော် ဂျိုကိုဗစ်ဟာ ချီလီတင်းနစ်ကစားသမား ခရစ္စတီယန်ဂါရင်ကို ၆-၂၊ ၆-၄၊ ၆-၂ နဲ့ အနိုင်ရရှိကာ ဝင်ဘယ်ဒန်တင်းနစ်ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒဲရာကတော့ အီတလီတင်းနစ် ကစားသမား ဆိုနီဂိုကို ၇-၅၊ ၆-၄၊ ၆-၂ နဲ့ အနိုင်ရရှိကာ ကွာတား ဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဝင်ဘယ်ဒန်တင်းနှစ်ဆုဖလားကို ရှစ်ကြိမ်အထိ ရယူဆွတ်ခူးထားနိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် တင်းနစ် ကစားသမား ရော်ဂျာဖက်ဒဲရာဟာ ကွာတားဖိုင်နယ် အဆင့်မှာ ရုရှားတင်းနစ်ကစားသမား မက်ဗီဒက်ဗ် ဒါမှမဟုတ် ပိုလန်တင်းနစ် ကစားသမား ဟူဘော့ဟာကက်ဇ်နဲ့ ယှဉ်ပြိုင်ကစားရမှာလည်းဖြစ်ပါတယ်။ ဆားဘီးယား တင်းနစ်အကျော်အမော် ဂျိုကိုဗစ်ကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဟန်ဂေရီ တင်းနစ် ကစားသမား ဖူဆိုဗစ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဖူဆိုဗစ်ဟာ ရုရှားတင်းနစ်ကစားသမား အန်ဒရီရူ ဘလက်ဗ်ကို အနိုင်ရရှိကာ ဝင်ဘယ်ဒန်တင်းနစ်ဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်