၆ အောက်တိုဘာ
ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းတွေကို လေ့လာမယ်ဆိုရင်လည်း တခြားနိုင်ငံတွေမှာလည်း တော်တော်ပြန့်နေတယ်ဆိုတာတော့ သတိပြုမိမယ်လို့ထင်ပါတယ်။ ဒုတိယလှိုင်းပေါ့။ တချို့က တတိယလှိုင်းတောင် ရောက်ပြီလို့ ခန့်မှန်းတဲ့သူတွေ ရှိပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒုတိယလှိုင်း၊ တချို့နိုင်ငံတွေမှာတော့ ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်။ ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်ဆိုတာ ဘာကြောင့်ထိန်းထားနိုင်လဲလို့ ကြည့်လိုက်ရင် နိုင်ငံချမ်းသာတာနဲ့လည်း မဆိုင်ဘူး။ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။ နောက်ဆုံး ကျတော့ ပြည်သူတွေ စည်းကမ်းရှိမှု၊ ပြည်သူတွေ စည်းမျဉ်းစည်းကမ်း လိုက်နာမှုနဲ့ပဲ ဆိုင်တယ်ဆိုတာ ထပ်ပြီး ကျွန်မ သတိပေးပါရစေ။
(Coronavirus Disease 2019 (CovID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)


