(၁၁-၂-၂၀၂၀ ရက်နေ့၊ နေ့လယ် (၁၃: ၀၀) နာရီ)
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိရာ ယနေ့ (၁၁-၂-၂၀၂၀) ရက်နေ့၊ နံနက်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၂၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ပါသည်။
၂။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -
(၁) ရန်ကင်းကလေးဆေးရုံမှ အသက်(၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊
(၂) ရန်ကင်းကလေးဆေးရုံမှ အသက်(၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊
(၃) နမ္မတူမြို့နယ်ဆေးရုံမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊
(၄) ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး
(၅) လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊
(၆) လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး၊
စုစုပေါင်း လူနာ (၆) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို (၁၁-၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်း၌ ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြားလာခဲ့ပါသည်။
၃။ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှုခံယူနေသော ကျန်လူနာများ၏ဓါတ်ခွဲ စစ်ဆေးမှု အဖြေသတင်းများရရှိပါက ဆက်လက်ထုတ်ပြန် ပေးသွားမည်ဖြစ်ပါသည်။
Credit> Ministry of Health and Sports, Myanmar