၁၇ ဇူလိုင်
ကိုဗစ်ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း အောင်လအန်ဆန်းက သတင်းကောင်းတစ်ခု ပြောပြချင်ပါသည်ဟု ၎င်း၏ ဖေ့ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် စနေနေ့က စစ်ဆေးထားသည့် ၎င်း၏ ကိုဗစ်-၁၉ ဗိုင်းရပ်စ်စစ်ဆေးချက်အဖြေအရ ရောဂါကင်းစင်သွားပြီဖြစ်ကြောင်း သိရသည်။ ယခင်ကလို လေ့ကျင့်မှုများ၊ လုပ်ငန်းဆောင်တာများကို ပြန်လည်လုပ်ဆောင်သွားနိုင်တော့မည်ဖြစ်ကြောင်း၊ အိပ်မက်ဆိုးကို မကြာခင် ကျော်လွှားနိုင်တော့မည် ဖြစ်ကြောင်း အောင်လက လူမှုကွန်ရက်တွင် ရေးသားထားသည်။
MDN
#Aung la Nsang Facebook


