၉ ဇွန်

 

ကမ္ဘာတစ်ဝန်းတွင် အစီရင်ခံခဲ့သည့် တစ်နေ့တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ်များက ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပိုမိုဆိုးရွားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက သတိပေးပြောကြားခဲ့သည်။

 

ဉရောပတိုက်၏ ရောဂါကူးစက်မှု အခြေအနေများမှာ တိုးတက်ကောင်းမွန်လာကြောင်း သို့သော်လည်း ကမ္ဘာလုံးဆိုင်ရာ ကူးစက်မှုများမှာ ပိုမိုဆိုးရွားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်စ်ဒရော့က သတင်းထောက်များကို တနင်္လာနေ့က ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့အတွင်းက ရောဂါကူးစက်မှုပေါင်း ၁၃၆၀၀၀ ကျော်ရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ ကူးစက်မှုသည် တစ်နေ့ထဲဖြစ်ပေါ်ခဲ့သည့် ကူးစက်မှု ဖြစ်သည်ဟု ဆိုသည်။

 

ဘရာဇီးနိုင်ငံသည် နိုင်ငံအတွင်း ဖြစ်ပွားသည့် ရောဂါကူးစက်မှုနှင့် သေဆုံးမှုစာရင်းများ မဖော်ပြခြင်းနှင့် ပတ်သက်သည့်အပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ် အခြေအနေ အကြီးအကဲဖြစ်သူ မစ်ချယ် ရိုင်ယန်က ဖြေကြားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုပြီးလျင် ဘရာဇီးနိုင်ငံသည် ဒုတိယကူးစက်မှု အများဆုံးနိုင်ငံဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်ပြီး ဘရာဇီးနိုင်ငံ၏ အချက်အလက်များသည် ယခုအချိန်အထိ အသေးစိတ်ဖော်ပြခဲ့ပြီး ထိုသို့ဆက်လက်ထုတ်ပြန်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျှော်လင့်နေကြောင်း ရိုင်ယန်က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

mdn14