အောက်တိုဘာ

ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ကူးစက်မှုဟာ ရောဂါလက္ခဏာရှိလို့ လာပြီးစစ်တဲ့ လူတွေထဲမှာဆိုရင် ၂၃ ဒသမ ၆ ရာခိုင်နှုန်းဟာ ရောဂါရှိတယ်ဆိုတာ တွေ့ရပါတယ်။ နောက်ပြီးတော့ ရောဂါရှိတဲ့သူနဲ့ တွေ့ ထိတွေ့မှုရှိလို့ လာပြီးတော့ အစစ်ခံတဲ့သူတွေထဲမှာဆိုရင် ၁၈ ဒသမ ၉ ရာခိုင်နှုန်းဟာ ရောဂါရှိတာကို တွေ့ရပါတယ်။ ပြည်ပ ဒါမှမဟုတ် ရောဂါပြန့်ပွားနေတဲ့ ပြည်တွင်းနေရာတွေကနေပြီးတော့ လာတဲ့လူတွေ ကို စစ်လိုက်တဲ့အခါမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းဟာ ရောဂါပိုးရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အရေးကြီးတာ ကတော့ ကိုယ့်မှာ ရောဂါလက္ခဏာရှိတာနဲ့ မြန်မြန်ဆန်ဆန်သွားပြဖို့ပါပဲ။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အောက်တိုဘာ ၂ ရက် တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)