မေ ၁၃

 

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့် ရင်ဆိုင်နေရသောကြောင့် ကမ္ဘာအနှံ့ လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ပေးကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့ တွင် ကမ္ဘာ့နိုင်ငံများအားလုံးသို့ တိုက်တွန်းပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြည်သူ့အစိုးရ နိုင်ငံတော်တာဝန် စတင်ယူစဉ်ကတည်းက တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်လျက်ရှိသည်။ တစ်ကမ္ဘာလုံး ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံ၌ စတင်ဖြစ်ပွားချိန်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိရောက်လျင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်ခြင်းနှင့်အတူ ထာဝရငြိမ်းချမ်း ရေးလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်ဘဲ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။

 

မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေစဉ် မေလ ၉ ရက်နေ့က တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ်ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများမှအပ ကျန်နယ်မြေများ၌ ၂၀၂၀ ပြည့်နှစ် မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း ကြေညာခဲ့သည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ m2069:30020ĉčeossa Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် အခြားအဆင့်ဆင့်သော ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း ၎င်းအဖွဲ့အစည်းများနှင့်အတူ အင်တိုက်အားတိုက် ပါဝင် ကူညီဆောင်ရွက်လျက်ရှိသည်။

 

ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ပြည်သူများ ရောဂါကူးစက်မခံရရေး အတွက် ကာကွယ်စောင့်ရှောက်ပေးနေရပြီး ကူးစက်ခံရသည့်လူနာများကို သက်သာပျောက်ကင်းအောင် ကုသပေးနေရသည်။ ရောဂါကူးစက်မှုတိုးလာသည်နှင့်အမျှ တိုင်းပြည်အတွင်းရှိ ပြည်သူလူထုအားလုံး ခက်ခဲကျပ်တည်းစွာ နေထိုင်ကြရသည်။ ထိုအချိန်တွင် မငြိမ်းချမ်းသောဒေသများမှ ပြည်သူများ အဖို့ ရောဂါဘေးအန္တရာယ်ကို ရင်ဆိုင်နေရခြင်းနှင့်အတူ လက်နက်ကိုင် ပဋိပက္ခဘေးကို ရှောင်ပုန်းရင်ဆိုင်နေရသည်မှာ ပိုမိုစိတ်မချမ်းမြေ့ဖွယ် ဖြစ်ကြရသည်။

 

ထို့ကြောင့် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေစဉ် ယခုကဲ့သို့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးကြေညာချက်မှာ ပြည်သူများအတွက် စိတ်နှလုံး အေးချမ်းမှုကိုဖြစ်စေရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်အနက် သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်ရန်နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကို အလေးထားလိုက်နာပေးကြပါရန် မေတ္တာရပ်ခံပါသည်။

 

တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် တပ်မတော်က ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး ဆောင်ရွက်ထားစဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်အင်အားသုံး၍ တိုက်ခိုက်ခြင်း၊ ဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ခြင်းများ မပြုလုပ်ရေးကို တာဝန်ယူထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်သည်။ ထို့အတူ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်ကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကိုလည်းကောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် အကျိုးစီးပွားများကိုလည်းကောင်း ထိခိုက်မှုမဖြစ်စေရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ယခုကဲ့သို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းလုံး၌ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ရရှိအောင် ဆောင်ရွက်မည်ဟု သန္နိဋ္ဌာန်ပြု ထားသည့်အတိုင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်အဖြစ် အင်တိုက်အားတိုက်ပါဝင်ကူညီ ဆောင်ရွက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းအောင် ဝိုင်းဝန်းကြိုးပမ်း  ဆောင်ကြဉ်းကြရမည် ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ