မန္တလေး ၆ ဖေဖော်ဝါရီ
ပန်းချီဆရာ ၁၉ ဦး၏ လေးကြိမ်မြောက် ရောင်စုံကမ္ဘာ အမည်ရ ပန်းချီပြပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးတောင်ခြေ ပန်းချီပြခန်း “Mandalay Hill Art Gallery Near Two Guardian Lions” ၌ ကျင်းပမည် ဖြစ်သည်။
အဆိုပါပန်းချီပြပွဲတွင် ပန်းချီဆရာ ၁၉ ဦး၏ ပန်းချီကား ၆၀ ခန့် ပြသမည်ဖြစ်ပြီး ရေဆေး၊ ဆီဆေး၊ အခရိုက်လစ်၊ မီဒီယမ် ပန်းချီအမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး မန္တလေးနှင့် ရန်ကုန်မှ ပန်းချီဆရာများ ပါဝင်ပြသမည်ဖြစ်သည်။ ပန်းချီကား ဈေးနှုန်းများမှာ အနည်းဆုံး တစ်သိန်းမှ အများဆုံး ငွေကျပ် ကိုးသိန်းအထိ ပါဝင်သည်ဟု ပန်းချီဆရာ မင်းသားကြီးက ပြောသည်။
ပြပွဲကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ရက်အထိ နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ပြသမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ လာရောက်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
ခင်ခင်ဝင်း(ပညာရေး)