မိုင်းဖြတ် ၃ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ရာသီဥတု အလွန်ပူအိုက်၍ ရေတွင်းရေချောင်းများ ခန်းခြောက်လာမှုကြောင့် အချို့သော ရပ်ကွက်/ကျေးရွာရှိ ပြည်သူများ သောက်ရေ သုံးရေ အခက်အခဲများ ရှိနေ ကြကြောင်း သိရှိရသည်။
ထို့ကြောင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချန့်ခွဲမှုဦးစီးဌာနမှ ဇွန် ၃ ရက် နံနက် ၉ နာရီ က ရေ အခက်အခဲ ဖြစ်နေသော မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာရှိ ပြည်သူများအတွက် ဒုတိယအကြိမ် ဂါလံ ၁၂၀၀ ဆန့် မီးသတ် ယာဉ်ဖြင့် သောက်သုံးရေ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေအခက်အခဲရှိနေသော ရပ်ကွက်/ကျေးရွာများသို့ ဆက်လက် ဖြန့်ဝေလှူဒါန်းပေးသွားမည်ဖြစ်ပါကြောင်း သိရ သည်။
မြို့နယ် (ပြန်/ဆက်)


