Realme ရဲ့ တန်ဖိုးနည်း ဖုန်းမော်ဒယ်သစ်နှစ်မျိုးဖြစ်တဲ့ V50 နဲ့ V50s ကို တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၂ ရက်က စတင်မိတ်ဆက်ပြသခဲ့ပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့အတူ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် မြန်မာနိုင်ငံတွင်း ဈေးကွက်မှာပါ သုံးစွဲသူတွေရဲ့ ကြိုတင်စိတ်ဝင်စား မှုရရှိနေပါတယ်။ ဖုန်းမော်ဒယ်နှစ်မျိုးဟာ ဟာ့ဒ်ဝဲပိုင်းစွမ်းဆောင်ရည် အများစုတူညီကြပြီး အဓိကကွာခြားချက်က ဆော့ဖ်ဝဲပိုင်းဖြစ်တဲ့ carrier-locked နဲ့ unlocked ပိုင်းမှာသာ ကွာခြားတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံအတွင်း လာမယ့်နှစ် ဧပြီလဝန်းကျင်မှာ စရောင်းနိုင်ခြေရှိတဲ့ V50s ဖုန်းရဲ့အသေးစိတ် အချက်တွေကို ဖော်ပြလိုက်ပါတယ်။
မျက်နှာပြင်အရွယ်အစား - ၆ ဒသမ ၇၂ လက်မ
မျက်နှာပြင်အမျိုးအစား - IPS LCD, 120Hz
Resolution - 1080 x 2400 pixels
အန်းဒရွိုက်ဗားရှင်းနဲ့ UI - Android 13, Realme UI 4.0
Chipset - Mediatek Dimensity 6100+ (6 nm)
CPU - Octa-core (Cortex-A76 & A55)
ပင်မကင်မရာ - 13 MP(wide) + 2 MP(depth)
ဆယ်လ်ဖီကင်မရာ - 8 MP(wide)
USB - USB Type-C 2.0
ဘက်ထရီ - 5000 mAh
ဈေးနှုန်းပိုင်းအနေနဲ့ လက်ရှိတရုတ်နိုင်ငံမှာ ကြေညာထားတဲ့ ဈေးနှုန်းအရ carrier-locked ဖြစ်တဲ့ V50 က 6GB+128GB ဗားရှင်းအတွက် ကျပ် ၃၅၀၀၀၀ ဝန်းကျင်၊ 8GB+256GB ဗားရှင်းအတွက် ကျပ် ၄၁၀၀၀၀ ဝန်းကျင် ကျသင့်နိုင်ပြီး carrier-unlocked ဖြစ်တဲ့ V50s က 6GB+128GB ဗားရှင်းအတွက် ကျပ် ၄၄၀၀၀၀ ဝန်းကျင်၊ 8GB+256GB ဗားရှင်းအတွက် ကျပ် ၅၃၀၀၀၀ ဝန်းကျင် ကျသင့်နိုင်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။
ကျော်ဇင်ဦး