မြောက်ဦး  ဇူလိုင်  ၂၆

 

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ ရေလမ်းခရီးသွား ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Life Jacket အသက်ကယ်အင်္ကျီ များစနစ်တကျဝတ်ဆင်ပြီး ခရီးသွားလာနိုင်ရန်ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီက မြို့နယ် အတွင်းရှိ ဘုတ်ဆိပ်၊ စက်လှေဆိပ်များသို့သွားရောက်ပြီး ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူ များကို အသက်ကယ်အင်္ကျီ(LifeJacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

အဆိုပါ အသက်ကယ်အင်္ကျီ (Life Jacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရေး လက်တွေ့သရုပ်ပြရာသို့ မြောက်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းလှိုင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ယခုအချိန်သည်မိုးတွင်းကာလဖြစ်၍ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးကြီးလေကြီးခြင်းနှင့် လှိုင်းထန်ခြင်းစသည့် သဘာဝဘေးများနှင့်လတ်တ လောကြုံတွေ့နိုင်ရသည့်အတွက် မိမိတို့ခရီးသွားပြည်သူများ၏ အသက်အိုးအိမ်စိမ်းစည်များ လုံခြုံ မှုရှိစေရေးနှင့် ရေယာဉ်ကြံ့ခိုင်မှု၊ စက်ပစ္စည်းများကြံ့ခိုင်မှု ရှိ/မရှိတို့အားအမြဲစစ်ဆေးပေးရမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ဘုတ်၊ စက်လှေများဖြင့် မြို့မဈေး ကြီးသို့ ပတ်ဝန်းကျင်ကျေးရွာများမှ ကုန်ရောင်း၊ ကုန်ဝယ်လာရောက် ဝယ်ယူရောင်းချကြသော ပြည်သူ များ၊ ကုန်တင်၊ ကုန်ချအလုပ်သမားများအား အသက်ကယ်အင်္ကျီ (Life Jacket) များစနစ် တကျဝတ်ဆင် အသုံးပြုတတ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့သရုပ်ပြသခြင်း၊ ခရီးသွား ပြည်သူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများနှင့် အသိပညာပေးခြင်းများ လက် တွေ့ပြသခြင်းများဆောင်ရွက်ခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများသို့ ရေလမ်း ဖြင့်ပြေးဆွဲပေးနေသော ဘုတ်ပိုင်ရှင်များနှင့် စက်လှေပိုင်ရှင်များအနေဖြင့် (Life Jacket)များ မပါရှိပါက ဝယ်ယူဖြည့်ဆည်းဆောင်ရွက်ထားရှိရေးစသော ရေဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးနှင့် Life Jacket စနစ်တကျဝတ်ဆင်ရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။

 

ခင်မောင်ထွန်း(ပြန်/ဆက်)