ရေး ၂၀ စက်တင်ဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် သြဂုတ်လပထမပတ်အတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ဖြစ်ပွားခဲ့မှုကို ကြိုတင်ကာကွယ် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အခြေအနေများအား နယ်သာလန်နိုင်ငံ (Disaster Risk Reduction) (DRR) အဖွဲ့မှ ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနတာဝန်ခံများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် တာဝန်ရှိသူများသည် နယ်သာလန်နိုင်ငံ (Disaster Risk Reduction) (DRR) အဖွဲ့မှ တွေ့ဆုံမေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီးနောက် ရေကြီးနစ်မြုပ်မှုဖြစ်ပွားစဉ် ရေတက်နှုန်းတိုင်းတာဆောင်ရွက်ထားရှိသည့် ရေးမြို့ ကမ်းနားလမ်းရှိ ရေးချောင်း၊ ရေး-ချောင်းတောင်တံတားပေါ်၌ ရေကြီးနစ်မြုပ်ခဲ့သည် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


